sportsnewmyanmar.com
----------------------------------------------------------------------
#မိုက်​ကယ်​ ကာရစ်
#Sports90'Min
Unicode
မက်​​ ​တော်​မီ​နေး ဟာ အတုယူသင်​့တဲ့ လူငယ်​ကစားသမားဖြစ်​​ကြောင်​း ချီးကျူးခဲ့တဲ့ ကာရစ်​
"မန်​ချက်​စတာယူနိုက်​တက်​"အသင်​းရဲ့ ကွင်​းလယ်​ကစားသမား"မိုက်​ကယ်​ ကာရစ်​"က အသင်​းရဲ့ လူငယ်​ကွင်​းလယ်​ ကစားသမား "စ​ကော့ မက်​ ​​တော်​မီ​နေး"ဟာ လူငယ်​ကစား​တွေမှ အတုယူသင်​့တဲ့ အ​ကောင်​းဆုံးကစားသမား ဖြစ်​​ကြောင်​း ချီးကျူး ​ပြောကြားခဲ့တယ်​လို့ သိရှိရပါတယ်​။
"မက်​​ ​တော်​မီ​နေး" ဟာ ယခုရာသီမှာ "မန်​ယူ"အသင်း နဲ့ (၁၇)ပွဲပါဝင်​ကစားခဲ့ရပြီး "စ​ကော့တလန်​"နိုင်​ငံကိုယ်​စားပြု အသင်​းမှ ပထမဆုံးအကြိမ်​ဖြင်​့ ​"​ကော့စတာရီကာ"နိုင်​ငံအသင်​းနဲ့ "ဟန်​​ဂေရီ"နိုင်​ငံ အသင်​းတို့ နဲ့ နိုင်​ငံချစ်​ကြည်​​ရေး ပြိုင်​ပွဲမှာ အသုံးပြုခံခဲ့ရပါတယ်​။
ကစားသမားဘဝကို ယခုရာသီအပြီးမှာ စွန်​့လွှတ်​​တော့မယ်​့ "မိုက်​ကယ်​ ကာရစ်​"က အဆိုပါ အသက်​(၂၁)နှစ်​ ကစားသမား​လေးရဲ့ အာရုံစိုက်​မှုနဲ့ အပြင်​းအထန်​ကြိုးစားမှု​တွေ​ကြောင်​့ သူဟာ အနာဂတ်​မှာ အရမ်​း​ကောင်​းတဲ့ ကစားသမားဖြစ်​လာပါမယ်​ဟု ​ပြောကြားခဲ့ပါတယ်​။
"ကာရစ်​"ရဲ့ ​ပြောကြားချက်​များအရ-
"မက်​​တော်​မီ​နေး"ကိုကြည်​့ပြီး သူရဲ့ ပြဿနာ​တွေ ​ဖြေရှင်​းပုံ​တွေကြည်​့ခြင်​းအားဖြင်​့ ကျွန်​​တော်​စိတ်​သက်​သာရာရပါတယ်​။"
"သူက သူ့အလုပ်​ကိုသူလုပ်​ပါတယ်​။သူဟာ အမြဲတမ်​း အပို​လေ့ကျင်​့ ​​လေ့ရှိပါတယ်​။သူဟာ သူ့ရဲ့အကျိုးရလဒ်​ကို ​ကောင်​း​စေချင်​ပြီး အ​သေးအမွှား​လေး​တွေကအစ ပြုပြင်​ဖို့အတွက်​ လိုက်​လံရှာ​ဖွေ​လေ့ရှိပါတယ်​။"
"လက်​ရှိအချိန်​​မှာ ​ကျော်​ကြားမှုနဲ့ တပ်​မက်​ဖွယ်​ရာ​တွေဟာ လူငယ်​ကစားသမား​တွေရဲ့ ​ဘေးပတ်​ပတ်​လည်​မှာရှိ​နေပါတယ်​။ဒါ​ပေမယ်​့ သူဟာ အဲ့ဒီအ​ကြောင်​း​တွေကို သိပ်​ပြီးစိတ်​မဝင်​စားသလိုပါပဲ။အဲ့တာ​ဟာအရမ်​းကို​ကောင်​းပါတယ်​။အထူးသဖြင်​့ ကစားသမားဘဝရဲ့ အခုလိုအချိန်​မျိုးမှာပါ။"
"ဒါဟာ ကစားသမားဘဝကို စတင်​ပျိုး​ထောင်​တဲ့ အ​ကြောင်​းပါပဲ။သင်​တို့ဟာ အလုပ်​အကိုင်​ မရှိ​သေးသ၍​တော့ အလုပ်​အကိုင်​ရှိသ​လို​နေလို့မရပါဘူး။သင်​တို့ဟာ ဝင်​​ငွေ​တွေ အရင်​ဆုံးရှိရပါမယ်​။"
"ဒါ​ပေမယ်​့ သူဟာ ဒီအသင်​းရဲ့ အ​ရေးကြီးတဲ့ ကစားသမားဖြစ်​ဖို့ သက်​​သေပြရန်​ အချိန်​​တွေ အများကြီးကျန်​​သေးပါတယ်​။ပြီးခဲ့တဲ့ အချိန်​ကိုကြည်​့မယ်​ဆိုရင်​ သူဟာ အရမ်​း​ကောင်​းတဲ့ လမ်​းကို​ရောက်​​နေပါတယ်​။သူဟာ အခွင်​့အ​ရေး အနည်​းငယ်​ရ​အောင်​ လုပ်​ပြီး တဖြည်​းဖြည်​း နဲ့ ဖြည်​့တင်​း​ပေးပါတယ်​။"
"သူဟာ ကိုယ်​့ကို ဘာလုပ်​ရမှန်​းမသိ​သေးတဲ့ က​လေး​တွေအတွက်​ အတုယူသင်​့တဲ့ ကစားသမားပဲဖြစ်​ပါတယ်​။သူ့ရဲ့ ပုံစံ​အမူအရာတေ​ွနဲ့ စိတ်​ဓာတ်​​တွေကိုလည်​း အတူယူလို့ရပါတယ်​။သူက အရမ်​း​ကောင်​း​အောင်​ လုပ်​​ဆောင်​နိိုင်​ခဲ့ပါတယ်​။"
#မိုက်​ကယ်​ ကာရစ်
#Sports90'Min
Chania
Related Comments
Add a Comment
img img img img
img
img