sportsnewmyanmar.com
-----------------------------------------------------------------------------
#ဖီလစ်​ပီ ​ကော်​တင်​ဟို
#Sports90'Min
Unicode
​နေမာ အား ဘာစီလိုနာ အသင်​းကို ပြန်​​ပြောင်​း​ရွှေ့ကစားရန်​ ဖိတ်​​ခေါ်ခဲ့တဲ့ ​ကော်​တင်​ဟို
လွန်​ခဲ့တဲ့ ရက်​က "ဘာစီလိုနာ"အသင်​းရဲ့ ကွင်​းလယ်​ကစားသမား "အီဗန်​ ရာကီတစ်​"က "​နေမာ" ဟာ "PSG"အသင်​းသို့ ​ပြောင်​း​ရွှေ့ကစားခဲ့သည်​မှာ (၁)နှစ်​ မပြည်​့​သေး​သော်​လည်​း "ဘာစီလိုနာ"အသင်​းမှာ အတူပြန်​လည်​ ​ပြောင်​း​ရွှေ့ကစားခိုင်​း​စေချင်​​ကြောင်​း ​ပြောကြားခဲ့တယ်​လို့ သိရှိရပါတယ်​။
ပြီး​တော့ "​နေမာ"ရဲ့ အရမ်​းရင်​းနီးတဲ့ သူငယ်​ချင်​း "ဘရာဇီး"နိုင်​ငံသား ကစားသမား ဖြစ်​ပြီး "ဘာစီလိုနာ"အသင်​းသို့ ​ပြီးခဲ့တဲ့ ဇန်​နဝါလ မှ ​ပြောင်​း​ရွှေ့ကစားခဲ့တဲ့ "ဖီလစ်​ပီ ​ကော်​တင်​ဟို"က အဆိုပါ ​ပြောကြားချက်​ကို ​ထောက်​ခံခဲ့​ကြောင်​းသိရှိရပါတယ်​။ဘာဖြစ်​လို့လဲဆို​တော့ ​"​နေမာ" နဲ့အတူ ကလပ်​အသင်​း​တွေမှာ အတူကစားချင်​တဲ့အတွက်​​ကြောင်​့ ဖြစ်​ပါတယ်​။
"​ကော်​တင်​ဟို"ရဲ့ ​ပြောကြားချက်​များအရ-
"​နေမာ"ဟာ သူ့ဘဝရဲ့ ​ရွေးချယ်​မှု လမ်​းတစ်​ခုအ​နေဖြင်​့ ရာသီအစမှာ "PSG"အသင်​းကို ​ပြောင်​း​ရွှေ့ ကစားခဲ့ပါတယ်​။ဒါ​ပေမယ်​့လည်​း သူ့ကို "ဘာစီလိုနာ"အသင်​းသို့ ​နောက်​တစ်​ခါ ပြန်​ကစားခိုင်​း​စေချင်​တဲ့ "အီဗန်​ ရာကီတစ်​"လို ကျွန်​​တော်​လည်​း ခံစားမိပါတယ်​။"
"ဒီသူငယ်​ချင်​းဟာ အရမ်​း​ကို ​တော်​တဲ့ ​ဘောလုံးကစားသမားဖြစ်​ပါတယ်​။ကျွန်​​တော်​သူ့နဲ့ ငယ်​ငယ်​ကတည်​းက​နေ "ဘရာဇီး"နိုင်​ငံအသင်​း မှာ အတူ​ရွေးချယ်​ခံခဲ့ရတဲ့အထိ ကစားခဲ့ဖူးပါတယ်​။လက်ရှိ​အချိန်​မှာ တကယ်​ အရမ်​းကို အံသြ​ကြည်​နူးစရာ​ကောင်​း​တဲ့အရာ​တွေဖြစ်​ပါတယ်​။"
"ထို့​ကြောင်​့ ကျွန်​​တော်​ အတည်​ပြုနိုင်​တာက​တော့ တကယ်​လို့ သူသာ ကျွန်​​တော်​တို့နဲ့ "ကမ်​းနူး"မာမှာ ပြန်​လည်​ ကစားခဲ့ရင်​​တော့ အရမ်​းကို​ကောင်​းပါလိမ်​့မယ်​။ပြီး​တော့ ဒီအသင်​းရဲ့ တံခါးက သူအပြန်​ကို အမြဲတမ်​း ကြိုဆို ​နေတာကို သူကိုယ်​တိုင်​ကလည်​း သိ​နေပါတယ်​။"
#ဖီလစ်​ပီ ​ကော်​တင်​ဟို
#Sports90'Min
Chania
Related Comments
Add a Comment
img img img img
img
img