sportsnewmyanmar.com
-----------------------------------------------------------------
#အန်​တိုနီယို ကွန်​တီ
#Sports90'Min
#Unicode
ချန်​ပီယံလိဂ်​ မှာ ချဲလ်​ဆီး အသင်​းရဲ့ တစ်​ခုတည်​း​သော အားနည်​းချက်​ ကို ​ပြောကြားခဲ့တဲ့ ကွန်​တီ
-----------------------------------------------------------------
"ချဲလ်​ဆီး"အသင်​းရဲ့ နည်​းပြကြီး "အန်​တိုနီယို ကွန်​တီ"က သူ့ရဲ့ အသင်​းဟာ "ချန်​ပီယံလိဂ်​"မှာ အခက်​အခဲများနဲ့ ရင်​ဆိုင်​​နေရ​ကြောင်​း ​ပြောကြားခဲ့ပါတယ်​။ဘာဖြစ်​လို့လည်​းဆို​တော့ အသင်​းသားများဟာ "ဥ​ရောပ"ပြိုင်​ပွဲ​တွေမှာ အ​တွေ့အကြုံ မရှိ​သေးတဲ့ အတွက်​​ကြောင်​့ ဖြစ်​တယ်​လို့ ​ပြောကြားခဲ့​ကြောင်​း သိရှိရပါတယ်​။
"ကွန်​တီ"ရဲ့ ​ပြောကြားချက်​များအရ-
"အရင်​ဆုံး ကျွန်​​တော့်​ရဲ့ အသင်​း​ဟောင်​းဖြစ်​တဲ့ "ဂျူဗင်​တပ်​"အသင်​းအ​ကြောင်​းကို ​ပြောပြချင်​ပါတယ်​။အဲ့ဒီမှာ "ချန်​ပီယံလိဂ်​"ကို ဆွတ်​ခူး ရရှိခဲ့ဖူးတဲ့ ကစားသမား​တွေ များစွာရှိပါတယ်​။အဲ့တာ​ကြောင်​့ ဒါဟာ "စပါး"အသင်​းကို ဖြတ်​​ကျော်​နိုင်​ခဲ့တဲ့ အဓိက ​သော့ချက်​ပဲဖြစ်​ပါတယ်​။"
"ကျွန်​​တော့်​ရဲ့ လက်ရှိ ​အသင်​းသား​တွေက​တော့ ပြိုင်​ပွဲကြီး​တွေရဲ့ အဲ့ဒီလို အမြင်​့ဆုံးအဆင်​့အထိ  တက်​​ရောက်​ခွင်​့ အ​တွေ့အကြုံ​တွေ သိပ်​မရှိပါဘူး။"
"ချန်​ပီယံလိဂ်​"နဲ့"အက်​ဖ်​​အေဖလား" လို ဖလား ပြိုင်​ပွဲ​ကြီး​တွေမှာ အနိုင်​ရရှိဖို့အတွက်​ ကစားသမား​တွေရဲ့ အ​တွေ့အကြုံ​တွေဟာ အရမ်​းအ​ရေးကြီးပါတယ်​။လက်​ရှိ"ချဲလ်​ဆီး"အသင်​းထဲမှာ အမြင်​့ဆုံးအဆင်​့အထိ တက်​​ရောက်​ခွင်​့ ဒါမှမဟုတ်​ ဖလားကိုဆွတ်​ခူး ရရှိ ခဲ့ဖူးတဲ့ ကစားသမား​တွေ သိပ်​မရှိပါဘူး။ဥပ​မာ -"ခရစ္စတန်​ဆန်​"နဲ့"ဘာကာရိုကို" တို့လိုကစားသမားမျိုး​ပေါ့။"
"ပြီး​တော့ "ချန်​ပီယံလိဂ်​"ကို (၁-၂)​ကြိမ်​ ​လောက်​ ကစားခဲ့ဖူးတဲ့ ကစားသမား​တွေလည်​းရှိပါတယ်​။အဲ့တာဟာ ကျွန်​​တော်​တို့ရဲ့ အလုပ်​ကို အနည်​းငယ်​ ခက်​ခဲလာ​အောင်​လုပ်​ ​ပေမယ်​့ ပြဿတာ အကြီးအကျယ်​​တော့ မဟုတ်​ပါဘူး။ကျွန်​​တော်​ ​ဖြေရှင်​းနိုင်​တယ်​လို့ ​ယုံကြည်​ပါတယ်​။"
#အန်​တိုနီယို ကွန်​တီ
#Sports90'Min
Chania
Related Comments
Add a Comment
img img img img
img
img