sportsnewmyanmar.com
ဒီ ဘိုးယား ဟာ ပရီးမီးယားလိဂ်​ ရဲ့ အညံ့ဆုံး နည်းပြဖြစ်​ပါတယ်​ဟု ​ပြောခဲ့တဲ့ မိုရင်​ဟို
------------------------------------------------------------------------
"မန်​ချက်​စတာယူနိုက်​တက်​"အသင်းရဲ့ နည်းပြကြီး "ဂျို​ဆေး မိုရင်​ဟို"က သူရဲ့ "မားကပ်​စ်​ ရက်​ဖို့ဒ်​" အ​ပေါ် အသုံးပြုမှုကို "ခရစ္စတယ်​ ပဲ​လေ့စ်​"အသင်းရဲ့ နည်းပြ​ဟောင်း "ဖရန့် ဒီ ဘိုးယား"မှ ​ဝေဖန်​​ပြောကြားခဲ့တဲ့ အ​ကြောင်းနဲ့ ပတ်​သက်​၍ ပြန်​လည်​တုံ့ပြန်​ခဲ့​ကြောင်း သိရှိရပါတယ်​။



"ဒီ ဘိုးယား"ဟာ "ခရစ္စတယ်​ ပဲ​လေ့စ်​"အသင်းရဲ့ နည်းပြလုပ်​ခဲ့ဖူးပြီး ရလဒ်​မှာ​တော့ အရမ်းကို ဆိုးရွားခဲ့ပါတယ်​။
အဆိုပါ "ဒတ်​ခ်ျ​" နိုင်​ငံသား နည်းပြကြီးက "မိုရင်​ဟို"မှ"ရက်​ဖို့ဒ်​"အား အသုံးပြုပုံကို ​ဝေဖန်​ခဲ့တာက​တော့ ဒီလို "​ပေါ်တူဂီ"နိုင်​ငံသား နည်းပြကြီးနဲ့ ​နေ​နေရတဲ့အတွက်​ သူ့ရဲ့​ခြေစွမ်းကို ​တော်​​တော်​​လေး နှ​မျောမိပါတယ်​။ဘာဖြစ်​လို့လည်းဆို​တော့ ရသင့်​တဲ့ အခွင့်​အ​​ရေးကို မရခဲ့လို့ပါပဲ။



ယခု​နောက်​ဆုံး မှာ​တော့ "မိုရင်​ဟို"မှ"De Boer"ရဲ့ မျက်​နှာကို မ​ထောက်​ပဲ ​ပြောကြားခဲ့ပုံမှာ​တော့-
"ကျွန်​​တော်​ အ​ကြောင်းတစ်​ခုခုကို ဖတ်​မိခဲ့ပါတယ်​။"ပရီးမီးယားလိဂ်​"ရဲ့ သမိုင်းတ​လျောက်​ အညံ့ဆုံး နည်းပြက ​ပြောခဲ့တဲ့ အ​ကြောင်းတစ်​ခုခုပါပဲ။"ခရစ္စတယ်​ ပဲ​လေ့စ်​"အသင်းကို ဦး​ဆောင်​ပြီး (၇)ပွဲဆက်​တိုက်​ရှုံးတဲ့အပြင်​ သွင်းဂိုး တစ်​ဂိုး​တောင်​ ပြန်​ မရခဲ့တဲ့ "ဖရန့် ဒီ ဘိုးယား" ​ပြောတာက​တော့ ကျွန်​​တော့်​ က "ရက်​ဖို့ဒ်​"ရဲ့ နည်းပြ ဖြစ်​ ​နေတာဟာ ​ကောင်းတဲ့ အ​ကြောင်းမဟုတ်​ဘူလို့​ပြောပါတယ်​။ဘာဖြစ်​လို့လည်းဆို​တော့ ကျွန်​​တော့်​ရဲ့ အ​ရေးအကြီးဆုံးက​တော့ အနိုင်​ရရှိခြင်းပါပဲ။"



"တကယ်​လို့ "ရက်​ဖို့ဒ်​"သာ "ဖရန့် ဒီ ဘိုးယား" ကို နည်းပြအဖြစ်​ရှိမယ်​​ဆိုရင်​​တော့ သူက အရှုံး ​တွေကိုပဲ အ​ကောင်းဆုံးသင်​ယူ​ပေးနိုင်​မှာပါ။ဘာဖြစ်​လို့လည်းဆို​တော့ သူဦး​ဆောင်​တဲ့ပွဲတိုင်း ရှုံး​နေလို့ပါပဲ။"
#ဂျို​ဆေး မိုရင်​ဟို

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img