sportsnewmyanmar.com
ချန်​ပီယံလိဂ်​ မှာ ချဲလ်​ဆီး မှ ဘာစီလိုနာ အားအနိုင်ယူဖို့ အခွင့်အ​ရေးရှိ​ကြောင်း ​ပြောကြားခဲ့တဲ့ ဂီ​ရော့
**************************************************************
"ချဲလ်ဆီး"အသင်းရဲ့ ​ရှေ့တန်းတိုက်​စစ်​မှူး "အိုလီဗီယာ ဂီ​ရော့"က သူ့ရဲ့အသင်းဟာ "ဘာစီလိုနာ"အသင်းအား "ချန်​ပီယံလိဂ်​"တွင်​ အနိုင်​ယူနိုင်​သည်​ဟု ယုံကြည်​​ကြောင်း သိရှိရပါတယ်​။



ပထမအ​ကျော့တွင်​ "ချဲလ်​ဆီး"အသင်းနဲ့ "ဘာစီလိုနာ"အသင်း တို့ဟာ"စတမ်း​ဖို့ဒ်​"တွင်​ (၁-၁)ဖြင့်​သ​ရေကျခဲ့ရပြီး ဒုတိယ အ​ကျော့ကို လာမည့်​ ဗုဒ္ဓဟူး ​နေ့ ည​မှာ ကစားရမှာဖြစ်​ပါတယ်​။
ထို့​ကြောင်​"အာဆင်​နယ်​"အသင်းမှ ပြီးခဲ့တဲ့ ဇန်​နဝါရီလ က​မှ​​ပြောင်း​ရွှေ့ကစားခဲ့တဲ့ "ဂီ​ရော့"က သူ့ရဲ့ လက်​ရှိအသင်းဟာ "ချန်​ပီယံလိဂ်​"ရဲ့ ​နောက်​ဆုံး(၈)သင်းရှုံးထွက်​ အဆင့်​ကို တက်​​ရောက်​နိုင်​ရန်​ အခွင့််​အ​​ရေးရှိ​ကြောင်း ယုံကြည်​​နေပါတယ်​။



"ခရစ္စတယ်​ ပဲ​လေ့စ်​"အသင်းအား (၂-၁)ဖြင့်​အနိုင်​ရရှိခဲ့ပြီး​နောက်​"ဂီ​ရော့"ရဲ့ ​ပြောကြားချက်​များအရ-
"ကျွန်​​တော်​တို့ (၃)မှတ်​ ရချင်​​နေတာ​သေချာပါတယ်​။"



"အ​ခြေခံအားဖြင့်​ ကျွန်​​တော်​တို့ဟာ ​နောက်​ထပ်​ (၉)ပွဲ ကစားရန်​ ကျန်​ရှိ​သေးပြီး ပထမပွဲမှာ အနိုင်​ရရှိခဲ့ပါတယ်​။ဒါ​ပေမယ့်​ အခုအချိန်​မှာ​တော့ "ပရီးမီးယားလိဂ်​"အ​ကြောင်းကို အရင်​ဆုံး နားထားရပါမယ်​။ပြီး​တော့ "ဘာစီလိုနာ"အသင်းနဲ့ပွဲကို ပိုပြီး အာရုံစိုက်​ရမှာပါ။"
"တကယ်​လို့ ကျွန်​​တော်​တို့သာ စည်းလုံးမှုရှိမယ်​ဆိုရင်​ ​​နောက်​ထပ်​ တစ်​ဆင့်​ တက်​​ရောက်​ဖို့ အခွင့်​အ​ရေးများပါတယ်​။ဒါဟာ ခက်​ခဲ​တဲ့ ကိစ္စဖြစ်​​ပေမယ့်​ ဒီအသင်းရဲ့ အရည်​အ​သွေးကို ကျွန်​​တော်​ ယုံကြည်​ပါတယ်​။"
#အိုလီဗီယာ ဂီ​ရော့

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img