sportsnewmyanmar.com
ပရီးမီးယားလိဂ်​ ရဲ့ သမိုင်းတစ်​​လျောက်​ ဂိုးဖန်​တီးမှု အကြိမ်​ ၅၀ ကို အမြန်​ဆုံး ဖန်​တီး​ပေးနိုင်​ခဲ့တဲ့ အို​ဇေလ်း
---------------------------------------------------------------------------
"အာဆင်​နယ်​"အသင်းရဲ့ ​ကွင်းလယ်​တိုက်စစ် ​​ကစားသမား "မီးဇပ်​ အို​ဇေလ်း"က ပရီးမီးယားလိဂ်​ ရဲ့ သမိုင်း​တ​လျောက်​မှာ ဂိုးဖန်​တီးမှု အကြိမ်​ (၅၀) ဖန်​တီး ​ပေးနိုင်​ခဲ့တဲ့ ကစားသမားဖြစ်​လာ​ကြောင်း သိရှိခဲ့ရပါတယ်​။



ပြီးခဲ့တဲ့ညက "အို​ဇေလ်း"ရဲ့ အလွတ်​ကန်​တင်​​ဘောဖြင့်​ "Shkodran Mustafi"က "အာဆင်​နယ်​"အသင်းအတွက်​ ဦး​ဆောင်​ဂိုးကို ​ခေါင်းတိုက်​သွင်းယူ​ပေးနိုင်​ခဲ့ပြီး "ဝက်​ဒ်​ဖို့ဒ်​"အသင်းအား (၃-၀)ဖြင့်​ အနိုင်​ရရှိခဲ့ပါတယ်​။
အဆိုပါ အသက်​(၂၉)နှစ်​ ကစားသမားဟာ ပြီးခဲ့တဲ့ နှစ်​များကတည်းက ဥ​ရောပရဲ့ အ​ကောင်းဆုံး ဖန်​တီး​ပေးနိုင်​တဲ့ ကစားသမားဖြစ်​လာခဲ့ပါတယ်​။.



သူဟာ ပရီးမီးယားလိဂ်​ ပွဲစဉ်​ (၁၄၁)ပွဲမှ ဂိုးဖန်​တီးမှု အကြိမ်​ (၅၀)တိတိ ဖန်​တီး​ပေးနိုင်​ခဲ့​သော​ကြောင့်​ ပရီးမီးယားလိဂ်​ ရဲ့သမိုင်းတ​လျောက်​ ဂိုးဖန်​တီးမှု အကြိမ်​(၅၀)အမြန်​ဆုံး ဖန်​တီး​ပေးနိုင်​ခဲ့တဲ့ ကစားသမားဖြစ်​လာခဲ့ရပါတယ်​။



"ပရီးမီးယားလိဂ်​"ရဲ့ ဂိုးဖန်​တီးမှု အများဆုံး စံချိန်​တင်​နိုင်​ခဲ့တဲ့ ကစားသမားက​တော့ "မန်​ချက်​စတာယူနိုက်​တက်​"အသင်းရဲ့ ဂန္တဝင်​ ​တောင်​ပံကစားသမား "ရိုင်​ယန်​ ဂစ်​"ဖြစ်​ပြီး ဂိုးဖန်​တီးမှု စုစု​ပေါင်း (၁၆၂)ကြိမ်​ ဖန်​တီး​ပေးနိုင်​ခဲ့​ကြောင်း သိရှိရပါတယ်​။

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img