sportsnewmyanmar.com
ထိပ်​တန်း ၄ သင်း စာရင်း ဝင်​ချင်​ရင်​ ​အမှတ်​များ ဆုံးရှုံးလို့ မရ​တော့ပါဘူးဟု ချဲလ်​ဆီး အသင်းသားများအား ​ပြောကြားခဲ့တဲ့ ကွန်​တီ
------------------------------------------------------------------------------------------------------
"အန်​တိုနီယို ကွန်​တီ" ရဲ့ ​ပြောကြားခဲ့ပုံမှာ​တော့ "ချဲလ်​ဆီး"အသင်းမှ ​နောက်​ရာသီမှာ "ချန်​ပီယံလိဂ်​" ပြိုင်​ပွဲကို သွား​ရောက်​ ကစားရန်​ "ပရီးမီးယားလိဂ်​"ရဲ့ ​ထိတ်​တန်း(၄)သင်း စာရင်းဝင်​နိုင်​ဖို့ လက်​ရှိရာသီရဲ့ ပွဲများမှ ရမှတ်​များကို လက်​လွှတ်​ ​ဆုံးရှုံးလို့ မရ​တော့ပါဘူးဟု ​ပြောကြားခဲ့​ကြောင်းသိရှိရပါတယ်​။



ပြီးခဲ့တဲ့ညက "ချဲလ်​ဆီး"အသင်းဟာ "ခရစ္စတယ်​ ပဲ​လေ့စ်​"အသင်းအား (၂-၁)ဖြင့်​ အနိုင်​ရရှိခဲ့ပြီး (၃)မှတ်​အပြည့်​ရရှိခဲ့​သော်​လည်း အမှတ်​​ပေးဇယားရဲ့ အဆင့်​ (၅)​နေရာမှာသာ ရှိ​နေမြဲဖြစ်​ပါတယ်​။
သူတို့ဟာ ပွဲ​ရေ(၃၀)ပွဲကို ကစားခဲ့ပြီး အဆင့်​(၄)​နေရာမှာရှိ​နေပြီး (၁)ပွဲ​လျော့​နေတဲ့ "စပါး" အသင်းနဲ့(၂)မှတ်​ ကွာ​နေပြီး အဆင့်​(၃)​နေရာမှာရှိ​နေတဲ့ "လီဗာပူလ်း"အသင်းနဲ့ (၄)မှတ်​ ကွာ​နေပါတယ်​။



"ကွန်​တီ"ရဲ့ ​ပြောကြားချက်​များအရ-
"ဒီ နိုင်​ပွဲဟာ အရမ်းကိုအ​ရေးကြီးပါတယ်​။"ချန်​ပီယံလိဂ်​"ကိုသွား​ရောက်​ကစားချင်​ပါက လက်​ရှိအချိန်​က​နေစပြီး ရမှတ်​​တွေမဆုံးရှုံး​အောင်​ လုပ်​​ဆောင်​ဖို့က အရမ်းအ​ရေးကြီးပါတယ်​။"
"ဒီ​နေ့ မှာ ကျွန်​​တော်​တို့ဟာ အခွင့်​အ​ရေး အ​တော်​များများ ကို မှာယွင်းစွာလုပ်​​ဆောင်​ခဲ့ပါတယ်​။ဒါ​ပေမယ့်​ အသင်းသား​တွေရဲ့ ကြိုးစားအားထုတ်​မှု​တွေဟာ အရမ်းကို ​ကောင်းပါတယ်​။"
"Rudiger"ဟာ ဒီပွဲမှာ ကစားဖို့ နာမည်​စာရင်း မပါဝင်​ရတဲ့ အ​ကြောင်းနဲ့ ပတ်​သက်​၍ "ကွန်​တီ" ရဲ့ ရှင်းပြပုံမှာ​တော့-



"ပြီးခဲ့တဲ့ "ဗုဒ္ဓဟူး"​နေ့က သူဒဏ်​ရာ အနည်းငယ်​ရခဲ့ပါတယ်​။ဒါ​ပေမယ့်​ "ဘာစီလိုနာ"အသင်းနဲ့ ပွဲမှာ ပြန်​လည်​ကြံ့ခိုင်​လာဖို့ ဖြစ်​နိုင်​နိုင်​ပါတယ်​။ဒီလက္ခဏာကကြွက်​သားပင်​ပန်း နွမ်းနယ်​မှုသာဖြစ်​ပြီး ကြွက်​သား ​ညောင်းညာကိုက်​ခဲမှု​ ဖြစ်​တာမဟုတ်​ပါဘူး။"
#အန်​တိုနီယို ကွန်​တီ
"ချဲလ်​ဆီး"အသင်းအတွက်​"ပရီးမီးယားလိဂ်​"ရဲ့ ​နောက်​ဆုံး (၈)ပွဲမှာ ပြိုင်​ဘက်​အသင်းဖြစ်​တဲ့ "စပါး"နဲ့"လီဗာပူးလ်​"အသင်းတို့နဲ့ ထိပ်​တိုက်​ရင်​ဆိုင်​ရမှာဖြစ်​ပြီး (၂)ပွဲစလုံးကို အိမ်​ကွင်းမှာ ကစားရမှာဖြစ်​ပါတယ်​။

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img