sportsnewmyanmar.com
လီဗာပူး အသင်းရဲ့ မန်ယူအသင်းထက်ဘောလုံးပိုင်ဆိုင်မှုပိုရရှိခဲ့ခြင်းဟာ မိုရင်ဟိုရဲ့ နည်းဗျူဟာကြောင့်ပါဆိုတဲ့ ကာရေဂါ 
*******************************************************************
"လီဗာပူး"အသင်းရဲ့ နောက်တန်းကစားသမားဟောင်း "ကာရေဂါ"က ယမန်နေ့ညမှာကစားခဲ့တဲ့ "မန်ယူ"အသင်းရဲ့ "လီဗာပူး"အသင်းအား (၂:၁)နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ "လီဗာပူး" အသင်းရဲ့ဘောလုံးပိုင်ဆိုင်မှုပိုများခဲ့ခြင်းဟာ "ဂျိုဆေးမိုရင်ဟို"ရဲ့နည်းဗျူအကွက်ကြောင့်သာဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။



"အမှန်တိုင်း"လီဗာပူး"ပရိတ်သတ်များကိုပြောချင်ပါတယ်။ဒီပွဲမှာ"လီဗာပူး"အသင်းဘောလုံးပိုင်ဆိုင်မှုပိုရခဲ့ပါတယ်ဆိုပြီး ကိုယ့်ကိုဖြေသိမ့်ကျေနပ်မနေပါနဲ့။ဒီလို"ယူနိုက်တက်"အသင်းထက်  ဘောလုံးပိုင်ဆိုင်မှာပိုရရှိအောင် တဖက်အသင်းကလမ်းကြောင်းဖွင့်ခဲ့တာပါ။"
"ဘာလို့လည်းဆိုတော့ "အိုလ်းထရက်ဖိုဒ့်"မှာ(၉၀)မိနစ်လုံးလုံး သူတို့အကောင်းဆုံးကစားနိုင်ခဲ့တာကိုမတွေ့ရပါဘူး။"မိုရင်ဟို"ဟာ တဖက်အသင်းကိုဘောလုံးပိုပြီးကိုင်ကစားအောင်အကွက်ချကစားခဲ့တာပါ။ဒါပေမယ့် ဂိုးသွင်းဖို့အခွင့်အရေးကိုတော့မေပးခဲ့ပါဘူး။"



"ကျွန်တော့်ရဲ့အသင်းဟောင်းဟာ ဂိုးဧရိယာပြင်ပမှာ အကောင်းဆုံးအချိတ်အဆက်မိမိကစားပြနိုင်ခဲ့ပါတယ်။ဒါပေမယ့်တစ်ခုလောက်မေးချင်ပါတယ်။"ဒေးဗစ်ဒီဂီယာ"ဘယ်နခါ ကာကွယ်ခဲ့ရလဲ?မရှိသလောက်ပါပဲ။ဘာကြောင့်လဲ?လွယ်ကူတဲ့အဖြေကတော့ ဒါဟာ "မိုရင်ဟို"ချမှတ်ထားတဲ့အကွက်ပါပဲ။"



"ဘာပဲဖြစ်ဖြစ်ပါ။ဒုတိယပိုင်းမှာကျွန်တော်တို့အသင်းအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ဂိုးရရှိနိုင်ဖို့အခွင့်အရေးတွေကိုလည်းအကောင်းဆုံးလုပ်ဆောာင်ကြပါတယ်။ဒါပေမယ့် ဘယ်လောက်ထိကောင်းခဲ့လဲ?လို့မေးရင်တော့ အဖြေကတော့ အကောင်းဆုံးမဟုတ်ခဲ့ပါဘူး။"
#ဂျေမီကာရေဂါ

#Sports90’Min
Chania

Related Comments

Add a Comment

img img img img
img
img