sportsnewmyanmar.com
ဂျူဗင်ကိုညင်းပယ်ခဲ့ခြင်းဟာ ရီရဲယ်ရဲ့ကမ်းလှမ်းမှုကိုစောင့်နေလို့ဆိုတဲ့ အမ်မရီချန်
********************************************************
"လီဗာပူး"အသင်းရဲ့ ကွင်းလယ်ကစားသမား "အမ်မရီချန်"က ၎င်းအား "ဂျူဗင်တပ်"အသင်းရဲ့ကမ်းလှမ်းမှုကိုညင်းပယ်ခဲ့ခြင်းဟာ "ရီရဲယ် မက်ဒရစ်"အသင်းရဲ့ကမ်းလှမ်းလာမှုကိုစောင့်မျှော်နေခြင်းကြောင့်ဖြစ်တယ်လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်။



အဆိုပါအသက်(၂၄)နှစ်အရွယ်"ဂျာမနီ"နိုင်ငံသားကစားသမားလေးဟာ "လီဗာပူး"အသင်းနှင့်ဒီရာသီအကုန်မှာစာချုပ်သက်သမ်းဟာကုန်ဆုံးတော့မှာဖြစ်ပြီး "ဂျူဗင်တပ်"အသင်းနှင့်အပြောင်းအရွေ့ဟာ အချိန်အတော်ကြာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်အဆိုပါ"အီတလီ"ကလပ်အသင်းကြီးဟာတော့ "ချန်"အားခေါ်ယူရန်အတွက်ကာလကြာစိတ်ဝင်စားလာခဲ့တာဖြစ်သလို အဆိုပါ "လီဗာကူဆင်"အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းအား အလွတ်ပြောင်းရွေ့ကြေးနှင့်ခေါ်နိုင်ရန်ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။



သို့ပေမယ့်လည်း မည်သို့ပင်ဖြစ်စေ "ချန်"ဟာ လက်ရှိအချိန်မှာအသင်းအတွက်သာအာရုံစိုက်ထားပြီး အနာဂတ်အတွက်မည်သည့်ဆွေးနွေးမှုမျိုးမှမပြုလုပ်လိုသေးကြောင်းလည်းပြောဆိုခဲ့ပြီးဖြစ်ပါတယ်။
စပိန် မီဒီယာ"El Mundo Deportivo”နဲ့"အီတလီ"မီဒီယာ "Gazzetta dello Sport”ရဲ့အဆိုအရ "ချန်"ဟာ "ရီရဲယ်မက်ဒရစ်"အသင်းထံကကမ်းလှမ်းမှုကိုစောင့်မျှော်နေတာဖြစ်တယ်လို့လည်းဖော်ပြခဲ့တာဖြစ်ပါတယ်။
"မက်ဒရစ်"အသင်းဟာလည်း အသင်းရဲ့ကစားသမား"ကတ်ဆမဲရိုး" နှင့်အတူ ကွင်းလယ်ခံစစ်နေရာမှာကူညီနိုင်မယ့်ကစားသမားတစ်ဦးအလိုရှိနေတာဖြစ်သလို ရာသီအကုန်မှာ ၎င်းတို့ရဲ့ကစားသမား "မာကောစ့် လော်ရန်တီ"အသင်းကနေရောင်းထုတ်ဖို့လည်းရှိနေတယ်လို့သိရပါတယ်။



လက်ရှိရာသီမှာ "ချန်"ဟာ "ယာဂင်ကလောပ့်"ရဲ့ အဓိကကစားသမားအဖြစ် ပြိုင်ပွဲစုံ (၃၃)ပွဲပါဝင်ကစားထားပြီး (၄)ဂိုးသွင်း (၃)ဂိုဖန်တီးမှုပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

#Sports90’Min
Chania

Related Comments

Add a Comment

img img img img
img
img