sportsnewmyanmar.com
ဘာဆယ်​ အားရှုံးနိမ့်​ခဲ့တဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ မန်​စီးတီး ဟာ အရမ်းညံ့ ပါတယ်​ဟု ​ပြောလာတဲ့ ဂွာဒီယိုလာ
**************************************************
"မန်​စီးတီး"အသင်းရဲ့ နည်းပြကြီး "ဂွာဒီယိုလာ"က ပြီးခဲ့တဲ့ညက "ချန်​ပီယံလိဂ်​"ပွဲစဉ်​ တွင်​ "ဘာဆယ်​"အသင်းအား (၁-၂)ဖြင့်​ ရှုံးနိမ့်​ခဲ့တဲ့ပွဲတွင်​ သူ့ရဲ့အသင်းသားများရဲ့ ​ခြေစွမ်းနဲ့ပတ်​သက်​၍ ​ပြောကြားခဲ့​ကြောင်း သိရှိရပါတယ်​။



ပထမအ​ကျော့မှာ "မန်​စီးတီး"အသင်းမှ (၄-၀)ဖြင့်​အနိုင်​ရရှိခဲ့တဲ့အတွက်​​ကြောင့်​ ဒီပွဲမှာ အရန်​ကစားသမား တစ်​ဝက်​ခန့်​ ထုတ်​သုံးခဲ့ပြီး ​နောက်​ဆုံးတွင်​ "ချန်​ပီယံလိဂ်​"ရဲ့ ​နောက်​ဆုံး (၈)သင်း အဆင့်​ကို တက်​​ရောက်​ခွင့်​ရခဲ့ပါတယ်​။
"ဂွာဒီယိုလာ"ရဲ့ ​ပြောကြားချက်​များအရ-
"ပထမပိုင်းမှာ ကျွန်​​တော်​တို့ အ​ကောင်းဆုံးလုပ်​​ဆောင်​နိုင်​ခဲ့ပါတယ်​။ဒါ​ပေမယ့်​ ဒုတိယပိုင်းမှာ​တော့ တိုက်​စစ်​ဆင်​တဲ့အချိန်​မှာ​တောင်​ ​ဘောလုံးကို ဟိုဘက်​ပို့ ဒီဘက်​ပို့ရုံ​လေးပဲ လုပ်​နိုင်​ခဲ့ပါတယ်​။"



"​ဘောလုံးကို ဖြတ်​​ကျော်​ပြီးယူနိုင်​တယ်​ဆိုတဲ့ အဓိပ္ပါယ်​ က​တော့ ပြိုင်​ဘက်​အသင်းဘက်​ကို ​ဘောလုံး​ပေးပို့ဖို့နဲ့ တိုက်​စစ်​ဆင်​ဖို့ပါ။ဟိုဘက်​ပို့လိုက်​ဒီဘက်​ပို့လိုက်​ နဲ့ ဒီလို အဓိပ္ပါယ်​ မရှိ လုပ်​ဖို့မဟုတ်​ပါဘူး။"
"​သေချာတာက​တော့ ​နောက်​တစ်​ဆင့်​ တက်​​ရောက်​ခွင့်​ရတဲ့အတွက်​ ကျွန်​​တော်​တို့​ပျော်​ရွှင်​ပါတယ်​။ပြီး​တော့ မဲနှိုက်​ပြီးဘယ်​အသင်းနဲ့ ​တွေ့ရမယ်​ဆိုတာကို​တော့ ဆက်​လက်​​စောင့်​​မျှော်​ရမှာ​ပေါ့။ဒါ​ပေမယ့်​ ဒီအဆင့်ထိ​ ​တောင်​တက်​​ရောက်​လာမှ​တော့ အသင်းတိုင်းဟာ အကုန်​လုံး​ကောင်းတဲ့အသင်း​တွေပဲဖြစ်​ပါတယ်​။"

#ဂွာဒီယိုလာ

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img