sportsnewmyanmar.com
အာဆင်​နယ်​ အသင်းမှ ဝင်းဂါး အစား "ဂျို အာချင် လို" ကို နည်းပြအဖြစ်​ ခန့်​အပ်ရန်​ စိတ်​ဝင်​စား​နေ​ကြောင်း သိခဲ့ရ
******************************************************
အားကစား​ရဲ့ နာမည်​ကြီးမီဒီယာ ဖြစ်​တဲ့ "ESPN"သတင်းဌာန​ရဲ့ ​ဖော်​ပြချက်​အရ "အာဆင်​နယ်​"အသင်းမှ ဒီရာသီအကုန်​မှာ ​ပြောင်းလဲမှုရှိပါက "အာဆင်​ ဝင်းဂါး"အစား "ဂျာမနီ"နိုင်​ငံအသင်းရဲ့ နာမည်​ကြီး နည်းပြ"ဂျို အာချင် လို"အား အသင်းရဲ့ နည်းပြအဖြစ်​ ခန့်​အပ်​ရန်​ စိတ်​ဝင်​စား​နေ​ကြောင်း သိရှိရပါတယ်​။



"အာဆင်​နယ်​"အသင်းဟာ ရလဒ်​​ကောင်းများ မရရှိတဲ့ အတွက်​​ကြောင့်​နဲ့ အသင်းထဲမှ ကစားသမားအချို့ဟာ "ဝင်းဂါး"အ​ပေါ် ယုံကြည်​မှု​တွေ မရှိ​တော့တဲ့ အတွက်​​ကြောင့်​ အဆိုပါ "ပြင်​သစ်​"နိုင်​ငံသား နည်းပြကြီးရဲ့ အနာဂတ်​ဟာ မ​သေချာမ​ရေရာ​တွေ ဖြစ်​​နေရပါတယ်​။



မည်​သို့ပင်​ဖြစ်​​စေ "လီအိုနာဒို ဂျာဒင်"နဲ့ "ဘရန်ဒန်း ရော်ဂျာ"တို့ ကလည်း ​ရွေးချယ်​မှု တစ်​ခုအ​နေအဖြစ်​ ရှိ​ပေမယ့်​ တကယ်​လို့ "ဂျို အာချင် လို"မှ ကမ္ဘာ့ဖလား အပြီးမှာ "ဂျာမနီ"နိုင်​ငံ အသင်းမှ နှုတ်​ထွက်​လာပါက "အာဆင်​နယ်​"အသင်းရဲ့ နည်းပြ​နေရာအတွက်​ အနီးစပ်​ဆုံး ဖြစ်​​ကြောင်းသိရှိရပါတယ်​။



အဆိုပါ အသက်​(၅၈)နှစ်​ရှိပြီဖြစ်​တဲ့ နည်းပြကြီး "ဂျို အာချင် လို"ဟာ "ဂျာမနီ"နိုင်​ငံအသင်းရဲ့ နည်းပြအဖြစ်​ (၂၀၀၆)ခုနှစ်​ကတည်းက ထမ်း​ဆောင်​ခဲ့ပြီး လွန်​ခဲ့တဲ့ (၂၀၁၄)ခုနှစ်​က အသင်းသား​တွေကို ဦး​ဆောင်​၍ ကမ္ဘာ့ဖလားကို ဆွတ်​ခူးရရှိနိုင်​ခဲ့ပါတယ်​။

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img