sportsnewmyanmar.com
PSG အသင်း က ချန်​ပီယံလိဂ်​မှာ ပြုတ်​ခဲ့ရ​သော​ကြောင့်​ မ​ကျေမနပ်​ဖြစ်​​နေတဲ့ အယ်-​ကာလိုင်​ဖီ
-----------------------------------------------------------------------------
"PSG"အသင်းရဲ့ ပိုင်​ရှင်​ဖြစ်​တဲ့ "နက်​ဆာ အယ်​-ကာလိုင်​ဖီ"က သူ့ရဲ့ အသင်းမှာ "ချန်​ပီယံလိဂ်​"ပြိုင်​ပွဲတွင်​ ပြုတ်​ခဲ့ရ​​သော​ကြောင့်​ အရမ်း စိတ်​ပျက်​​နေ​သော်​လည်း အသင်းရဲ့နည်းပြကြီး "Unai Emery"ရဲ့ အနာဂတ်​နဲ့ ပတ်​သက်​၍ နှုတ်​ဆိတ်​ ​နေ​ကြောင်း သိရှိရပါတယ်​။



"PSG"အသင်းဟာ "ရီးရဲလ်​ မက်​ဒရစ်"အသင်းအားပထမ​အ​ကျော့ (၁-၃)နဲ့ ဒုတိယအ​ကျော့(၁-၂)ဖြင့်​ရှုံးနိမ့်​ခဲ့ရခြင်း​ကြောင့်​ ချန်​ပီယံ လိဂ်​ ​နောက်​ဆုံး(၁၆)သင်းအဆင့်​မှ ပြုတ်​ခဲ့ရပြီး "စပိန်​လိဂ်​"မှ ပြိုင်​ဘက်​ အသင်း ​ကြောင့်​ (၂)နှစ်​တိုင်​တိုင်​ ရှုံးနိမ့်​ခဲ့ရပါတယ်​။
အဆိုပါပွဲ ပြီး​နောက်​"အယ်​-ကာလိုင်​ဖီ"ရဲ့ ​ပြောကြားချက်​များအရ-
"ဒါဟာ ပဲရစ်​အတွက်​၊အသင်းအတွက်​၊ကစားသမားအတွက်​နဲ့ပရိသတ်​​တွေအတွက်​ အရမ်းကိုစိတ်​ပျက်​စရာ​ကောင်းပါတယ်​။"
"ကျွန်​​တော်​တို့ဟာ အရင်​ဆုံး စိတ်​ ​အေး​အေးထားပြီး  အသင်းကို ဒီထက်​​ကောင်းလာ​အောင်​ ဘယ်​လိုလုပ်​ရမလဲ လို့စဉ်းစားရပါမယ်​။"ချန်​ပီယံလိဂ်​"ဖလားရဲ့ ချန်​ပီယံ ဖြစ်​ဖို့ ကို အဆင့်​အဆင့်​အချိန်​ယူပြီး လုပ်​​ဆောင်​သွားရမှာပါ။နောက်​ရက်​​တွေမှာ ချက်​ချင်း ဖြစ်​လာဖို့ဆိုတာ မဖြစ်​နိုင်​ပါဘူး။"



"ကျွန်တော်တို့​ဟာ လမ်းမှန်​​ကို​ရောက်​​နေပါပြီ။"
"ချန်​ပီယံလိဂ်​"မှာ အစကတည်းက (၂)နှစ်​ဆက်​တိုက်​ ပြုတ်​ခဲ့ရခြင်း​ကြောင့်​ "အင်မရီ"ဟာ ဖိအားအရမ်း​ပေးခံ​နေရပြီး အသင်းနဲ့ သူ့ရဲ့ စာချုပ်​သက်​တမ်း ဟာလည်း ဒီရာသီကုန်​တဲ့အထိသာ ကျန်​​တော့ပါတယ်​။
ထိုအ​ကြောင်းနဲ့ပတ်​သက်​၍"အယ်​-ကာလိုင်​ဖီ"ရဲ့ ​ပြောကြားချက်​များအရ-



"အခုအချိန်​မှာ အဲ့ဒီအ​ပြောင်းအလဲနဲ့ ပတ်​သက်​ပြီး​ပြောဖို့ သင့်​​တော်​တဲ့အချိန်​မဟုတ်​​သေးပါဘူး။ကျွန်​​တော်​တို့ဟာ ကစားသမား​တွေကို ယုံကြည်ကြ​ပီး ကျွန်​​တော်​တို့ရဲ့ အလုပ်​ကို ဆက်​လက်​ပြီးအပြင်းအထန်​ကြိုးစားကြမှာပါ။"
"ဒီ​နေ့မှာ ကျွန်​​တော်​တို့ကလည်း ကျွန်​​တော်​တို့ကို အများအပြား​ထောက်​ပံ့​ပေး​နေကြတဲ့ ပရိသတ်​ နဲ့ထပ်​တူ စိတ်​ပျက်​မိပါတယ်​။"
#နက်​ဆာ အယ်​-ကာလိုင်​ဖီ

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img