sportsnewmyanmar.com
ရီးရဲလ်​ အသင်းအား လီဝန်​ဒိုစကီး ဟာ ​ရောင်းဖို့ မဟုတ်​ဟု ​ပြောကြားခဲ့တဲ့ ဘိုင်​ယန်​မြူးနစ်
**********************************************************
"ဘိုင်​ယန်​မြူးနစ်​"အသင်းမှာ အသင်းသား​ ​ရှေ့တန်းတိုက်​စစ်​မှူး "ရိုဘတ်​ လီဝန်​ဒိုစကီး"အား လာမည့်​​နွေရာသီမှာ "ရီးရဲလ်​ မက်​ဒရစ်"အသင်းသို့ ​ရောင်းထုတ်​မည်​မဟုတ်​ဟု ​ပြောကြားခဲ့​ကြောင်းသိရှိရပါတယ်​။



အဆိုပါ"ပိုလန်​"နိုင်​ငံသား ကစားသမားအား "ရီးရဲလ်​"အသင်းရဲ့ ဥက္ကဌ ကြီး "ဖ​လော်​ရန်​တီနို ပီရက်​စ်​"မှ "ကာရင်​မ်​ ဘင်​ဇီးမား"အစား လာမည့်​ ရာသီအသစ်​မှာ​ခေါ်ယူချင်​​နေပြီး ​ပြောင်း​ရွှေ့​ကြေးကို ​ပေါင်​သန်း(၁၀၀)​ကျော်​အထိ ​ပေးရန်​ အသင့်​ရှိ​နေတယ်​လို့လည်း သိရှိရပါတယ်​။



တစ်​ချိန်​တည်းမှာပဲ "လီဝန်​ဒိုစကီး" ဟာ "မန်​ချက်​စတာယူနိုက်​တက်​"အသင်းနဲ့ သူ့ရဲ့ နည်းပြ​ဟောင်းဖြစ်​တဲ့ "မန်​စီးတီး"အသင်းရဲ့ နည်းပြကြီး "ဂွာဒီယိုလာ"မှ လိုချင်​​​ပေမယ့်​လည်း "ဆန်​တီအာဂို ဘာနာဗြူး"မှာ သွား​ရောက်​ကစားရန်​ စိတ်​ဝင်​စား​နေတယ်​လို့လည်း သိရှိရပါတယ်​။



ဒါ​ပေမယ့်​ အခု​နောက်​ဆုံးမှာ​တော့ "Kicker"မီဒီယာရဲ့ ​ဖော်​ပြချက်​အရ "ဘိုင်​ယန်​မြူးနစ်​"အသင်းရဲ့ ဥက္ကဌ ကြီး "Karl-Heinz Rummenigge"မှ အဆိုပါ(၂၉)နှစ်​ကစားသမားအား မ​ရောင်းထုတ်​ချင်​ပါဘူးဟုသိရှိရပါတယ်​။ဘာဖြစ်​လို့လည်းဆို​တော့ ၎င်းကစားသမားဟာ ​ရောင်းထုတ်​ဖို့မဟုတ်​တဲ့အပြင်​ "ရီးရဲလ်​ မက်​ဒရစ်​"အသင်းမှ ​ပေါင်​ သန်း (၂၀၀)အထိ ​ပေး​သော်​လည်း စိတ်​မဝင်​စား​ကြောင်း သိရှိခဲ့ရပါတယ်​။

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img