sportsnewmyanmar.com
စီမြူနီဟာ ဝင်းဂါး အစား အာဆင်​နယ်​ အသင်း ရဲ့ နည်းပြ​နေရာမှာ လုပ်​ကိုင်​ဖို့ အတင့်​​တော်​ ဆုံးဟု ​ပြောကြားလိုက်​တဲ့ ​ဝိုက်
**********************************************************************************
"ချဲလ်​ဆီး"အသင်းရဲ့ အ​သင်း​ခေါင်း​ဆောင်​​ဟောင်း "ဒန်းနိစ်​ဝိုက်​"က "Sky Sports"မီဒီယာမှတစ်​ဆင့်​ ​ပြောကြားချက်​များမှာ​တော့ "အက်​သလက်​တီကို မက်​ဒရစ်​"အသင်းရဲ့ နည်းပြကြီး "ဒီ​ယေဂို ဆီမြူနီ"ဟာ "အာဆင်​ ဝင်းဂါး"အစား "အာဆင်​နယ်​"အသင်းမှာ နည်းပြအဖြစ်​ လာ​ရောက်​လုပ်​ကိုင်​ဖို့ အသင့်​​တော်​ဆုံးပါပဲဟု ​ပြောကြားခဲ့​ကြောင်း သိရှိရပါတယ်​။



"ဝိုက်​"ရဲ့ ​ပြောကြားချက်​များအရ-
"စီမြူနီ"ကို "အာဆင်​နယ်​"အသင်းရဲ့ ပရိတ်​သတ်​ များအားလုံးက လိုချင်​​နေလိမ့်​မယ်​လို့ ကျွန်​​တော်​ထင်​ပါတယ်​။သူဟာ ပရီးမီးယားလိဂ်​ ထဲက "Eddie Howe"နဲ့ "Sean Dyche"တို့လို့ အသက်​ငယ်​​သေးပါတယ်​။ဒါ​ပေမယ့်​ သူတို့ထက်​ ပိုသာသွား တာက​တော့ ကြီးမားတဲ့ ​အောင်​မြင်​မှု​တွေရရှိခဲ့ဖူးတာပါပဲ။"



"သူတို့​တွေဟာ သူတို့ရဲ့ မူပိုင်​​တွေနဲ့ အသင်းကို တည်​​ဆောက်​တဲ့တတ်​ကြတဲ့ နည်းပြ​တွေဖြစ်​ကြပါတယ်​။အသင်းကဘာလိုအပ်​​နေတာလည်းဆိုတာ သိ​​နေပြီး ​အောင်​မြင်​မှု​တွေ ရရှိဖို့ ဘယ်​နည်းလည်း​တွေကိုအသုံးပြုပြီး အသင်းကို ဘယ်​လို ဦး​ဆောင်​ရမလဲဆိုတဲ့ နည်းလမ်းကို လည်းသိ​နေပါတယ်​။"



"ဝင်းဂါး"ဟာ အခုအချိန်​မှာ လက်​မလွှတ်​ချင်​​သေးတာ မှန်​ပါတယ်​။ဘာဖြစ်​လို့လဲဆို​တော့ အခုဖြစ်​ပျက်​​နေတဲ့ မှားယွင်းမှု​တွေ ကို ပြန်​ပြီးလမ်းမှန်​​ရောက်​​အောင်​ ပြုပြင်​ချင်​လို့ပါပဲ။ဒါ​ပေမယ့်​ အမှန်​မှာ​တော့ ​ကစားကွက်​​တွေ ပွဲရလဒ်​​တွေ နဲ့ တခြားအရာ​တွေ​ကြောင့်​ အားလုံးဟာ သူ့ကို ပြန်​လည်​ပြုပြင်​ဖို့ အခွင့်​အ​ရေး ​ပေးမှာမဟုတ်​​တော့ပါဘူး။"
"ကျွန်​​တော်​​ပြောချင်​တာက​တော့ "အာဆင်​နယ်​"အသင်းရဲ့ နည်းပြကြီးဟာ အမှန်​တရား​တွေကို ဒီထက်​ပိုပြီးမြင်​လာဖို့ လိုအပ်​ပါတယ်​။"
#ဒန်းနိစ်​ ဝိုက်

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img