sportsnewmyanmar.com
အာဆင်​နယ်​ အား ယူရိုပါလိဂ်​ ဖလားကို ဆွတ်​ခူး​ပေးမည်​ဟု ​ကြွေး​ကြော်​လိုက်​တဲ့ အူဘာမီယန်
---------------------------------------------------------------------------
"အာဆင်​နယ်​"အသင်းရဲ့ ​ရှေ့တန်း တိုက်​စစ်​မှူး "ပီယာ-အင်းမရစ်​ အူဘာမီယန်​"က သူနဲ့ သူ့ရဲ့အသင်းသားများဟာ ယခုရာသီမှာ "ယူရိုပါလိဂ်​"ဖလားကို အသင်းအတွက်​ ဆွတ်​ခူး​ပေးနိုင်​လိမ့်​မယ်​လို့ ယုံကြည်​စွာ ​ပြောကြားခဲ့​ကြောင်း သိရပါတယ်​။



လက်​ရှိအချိန်​မှာ အာဆင်​နယ်​အသင်းရဲ့ အ​ခြေအ​နေဟာ သိပ်​ပြီးမ​ကောင်းပါဘူး။အထူးသဖြင့်​ "ပရီးမီးယားလိဂ်​"ရဲ့ အဆင့်​(၆)​နေရာမှာရှိ​နေပြီး အဆင့်​(၄)ကအသင်းနဲ့ (၁၀)မှတ်​ ကွာ​နေပါတယ်​။ထို့​ကြောင့်​ သူ့တို့ကို "ချန်​ပီယံလိဂ်​"ပြန်​ကစားနိုင်​ဖို့ ​နောက်​တစ်​ကြိမ်​ အခွင့်​အ​ရေး ရရှိဖို့အတွက်​က​တော့ "ယူရိုပါလိဂ်​"ရဲ့ ချန်​ပီယံ ဖြစ်​ဖို့ တစ်​နည်းပဲကျန်​​တော့ပါတယ်​။
"အူဘာမီယန်​"ရဲ့ ​ပြောကြားချက်​များအရ-



"ကျွန်​​တော့်​ရဲ့ ကိုယ်​ပိုင်​အ​တွေးမှာ​နော်​။ကျွန်​​တော်​တို့ "ယူရိုပါလိဂ်​"ဖလားကို ဆွတ်​ခူးဖို့ လိုအပ်​တယ်​ဆိုတာကို အားလုံးက အစကတည်းက ရှင်းလင်း​နေပါတယ်​။ဘာဖြစ်​လို့လဲဆို​တော့ ​နောက်​ရာသီမှာ "ချန်​ပီယံလိဂ်​"ကို ကန်​ရဖို့အတွက်​ တစ်​ခုတည်း​သော နည်းလမ်းဖြစ်​​နေလို့ပါပဲ။"



"ဒါဟာ အရမ်းခက်​ခဲ့တဲ့အလုပ်​ပဲဖြစ်​တယ်​ဆိုတာကို​တော့ မငြင်းပါဘူး။ဒါ​ပေမယ့်​ ကျွန်​​တော်​တို့ကလည်း ​နောက်​ဆုံးအချိန်​ထိ အစွမ်းကုန်​ ကြိုးစားသွားမှာပါ။ပြိုင်​ပွဲ ​တွေဟာ မပြီးဆုံး​သေးပါဘူး။ကျွန်​​တော်​တို့ဟာ ဒီလို​နေရာမျိုးမှာ ပြိုင်​ဆိုင်​​နေရပါတယ်​။"အင်္ဂလန်​"နိုင်​ငံရဲ့ "ပရီးမီးယားလိဂ်​"မှာ ဘာမဆိုဖြစ်​လာနိုင်​ပါတယ်​။"
#ပီယာ-အင်းမရစ်​ ​အော်​ဘာမီယန်
မည်​သို့ပင်​ဖြစ်​​စေ "ယူရိုပါလိဂ်​"ရဲ့ ​နောက်​ဆုံး(၁၆)သင်းရှုံးထွက်​အဆင့်​တွင်​ သူတို့ရဲ့ ပြိုင်​ဘက်​အသင်းမှာ​တော့ "ဂျန်​နာရို ဂတ်​တူဆို"မှ ပြန်​လည်​ပြုပြင်​မွမ်းမံ ထားပြီး အရမ်း​ကောင်းလာတဲ့အသင်းတစ်​သင်းဖြစ်​တဲ့ "​အေစီမီလန်​"အသင်းပဲဖြစ်​ပါတယ်​။

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img