sportsnewmyanmar.com
ဘေးလ်​ ဟာ ရီးရဲလ်​မှာပဲ ​ပျော်​ရွှင်​​နေပါတယ်​ဟု ​ပြောလိုက်​တဲ့ ဂစ်
*****************************************
"​ဝေးလ်​"နိုင်​ငံအသင်းရဲ့ ​နည်းပြကြီး "ရိုင်​ယန်​ ဂစ်​" က "ဂါရတ်​ ​ဘေးလ်​"ဟာ "ပရီးမီးယားလိဂ်​"သို့ ပြန်​လည်​​ပြောင်း​ရွှေ့ကစားမည့်​ သတင်းများ ထွက်​​နေ​သော်​လည်း သူက "ရီးရဲလ်​ မက်​ဒရစ်"အသင်းမှာပဲ ​ပျော်​ရွှင်​​နေ​ကြောင်း ​ပြောကြားခဲ့တယ်​လို့ သိရှိရပါတယ်​။
"​ဘေးလ်​"ဟာ "ဇီးဒန်း"ဦး​ဆောင်​တဲ့ အသင်းရဲ့လက်​​အောက်​တွင်​ သူ့ရဲ့ ဒဏ်​ရာ ​ကြောင့်​ မကြာခနဝင်​ထွက်​​နေရပြီး ဒီဇင်​ဘာလ မှ သက်​သာ​ပျောက်​ကင်းခဲ့ပါတယ်​။ထို့​ကြောင့်​ မီဒီယာ များမှ "ရီးရဲလ်​"အသင်းဟာ အဆိုပါ ကစားသမားအား ယခုရာသီအကုန်​တွင်​ ​ရောင်းထုတ်​မည်​ဖြစ်​​ကြောင်း ​ပြောကြားခဲ့ကြပါတယ်​။



"ဂစ်​"ဟာ ပြီးခဲ့တဲ့လက "ချန်​ပီယံ လိဂ်​"ပွဲစဉ်​ဖြစ်​တဲ့ "ရီးရဲလ်​ မက်​ဒရစ်"အသင်းနဲ့ "PSG"အသင်းတို့ရဲ့ ပွဲမှာ သွား​ရောက်​ကြည့်​ရှုခဲ့ပါတယ်​။ထို့​ကြောင့်​ သူက အသက်​(၂၈)နှစ်​ကစားသမား ​​ဟာ အရန်​ကစားသမားသာဖြစ်​​နေရတဲ့အတွက်​ စိတ်​ပျက်​မိ​သော်​လည်း ​ပျော်​ရွှင်​​နေတုန်းပါပဲဟု လက်​ခံ​ပြောကြားခဲ့ပါတယ်​။
"ဂစ်​"ရဲ့​ပြောကြားချက်​များအရ -
"သူ့ရဲ့ အနာဂတ်​ နဲ့ ပတ်​သက်​၍ ကျွန်​​တော်​စိတ်​မပူမိပါဘူး။သူဟာ အရမ်​ကောင်းတဲ့ အသင်းနဲ့ ​နေ​နေရပါတယ်​။"



"တကယ်​လို့ သင်​တို့သာ ထိပ်​တန်း အသင်းနဲ့ ​နေ​ရပြီဆိုရင်​ ကျွန်​​တော်​သိသ​လောက်​က​တော့ သင်​တို့ဟာ အရမ်းကို တည်​ငြိမ်​မှာပါ။ကျွန်​​တော်​သူနဲ့ သွား​တွေ့ပြီး သူကလည်း ​ပျော်​ရွှင်​​နေပါတယ်​။သူကစားပွဲမှာ အရန်ကစားသမားဖြစ်​​ရလို့ မ​ပျော်​ရွှင်​​ပေမယ့်​ ​နောက်​ပွဲမှာ​တော့ အချိန်​ပြည့်​ကစားရပါတယ်​။"
"သူဟာ ကြံ့ခိုင်​မှုအပြည့်​ရှိလာပြီး အရမ်းကိုကြည့်​​ကောင်းပါတယ်​။"PSG"အသင်းနဲ့ပွဲမှာ သူဝင်​​ရောက်​ကစားရတာနဲ့ ချက်​ချင်းအကျိုးသက်​​ရောက်​မှုဖြစ်​​ပေါ်​စေပါတယ်​။"​ဝေးလ်​"မှာရှိတဲ့ လူ​တွေအားလုံးက သူဘယ်​​လောက်​ထိ အ​ရေးကြီးလည်းဆိုတာကို သိ​နေပါတယ်​။"ဂါရတ်​​ ​ဘေးလ်​"သာ ကြံ့ခိုင်​မှုအပြည့်​ရှိပြီး ​ခြေစွမ်းပြန်​​ကောင်းလာရင်​ ပွဲတိုင်းမှာ အကျိုးသက်​​ရောက်​မှုဖြစ်​​စေပါတယ်​။"

#ရိုင်​ယန်​ ဂစ်

#Sports90'Min
Chania

Related Comments

Add a Comment

img img img img
img
img