sportsnewmyanmar.com
လီဝန်ဒိုစကီး အား ​ခေါ်ယူဖို့ အခွင့်​အ​ရေး အများဆုံး အသင်းဖြစ်​​တဲ့ ချဲလ်​ဆီး
-------------------------------------------------------
"ချဲလ်​ဆီး"အသင်းမှ "ဘိုင်​ယန်​မြူးနစ်​"အသင်းရဲ့ ​ရှေ့တန်းတိုက်​စစ်​မှူး "ရိုဘတ် လီဝန်ဒိုစကီး"အား ​ခေါ်ယူနိုင်​ရန်​ အခွင့်​အ​ရေး အများဆုံးအသင်းဖြစ်​​ကြောင်း သိရှိရပါတယ်​။



"လီဝန်ဒိုစကီး "ဟာ "ဘိုင်​ယန်​"အသင်းနဲ့ "​ဒေါ့မွန်​"အသင်းမှာ ​အောင်​မှုများစွာရရှိခဲ့ပြီး​နောက်​ သူ့ရဲ့ အနာဂတ်​ကို ဆုံးဖြတ်​ချက်​ချရန်​ စဉ်းစား​နေ​ကြောင်းသိရပါတယ်​။
"​ဒေါ့မွန်​"အသင်းမှာ (၈)နှစ်​ခန့်​ ကစားခဲ့ပြီး သွင်းဂိုး (၁၇၁)ဂိုးကို သွင်းယူ​ပေးနိုင်​ခဲ့ခြင်း​ကြောင့်​ ဒီနိုင်​ငံရဲ့ လိဂ်​မှာ ​​အောင်​မြင်​မှာများစွာကို ရရှိခဲ့ပါတယ်​။



"The Sun"မီဒီယာရဲ့​ ​​ဖော်​ပြချက်​များအရ "လီဝန်ဒိုစကီး "ဟာ အင်္ဂလန်​ မှာလာ​ရောက်​ကစားဖို့စိတ်​ဝင်​စား​နေပြီး သူဟာ ထိပ်​တန်း (၆)သင်းမှ သူ့ကို စိတ်​ဝင်းစားမှုရရှိ​နေတယ်​လို့ သိ​နေပါတယ်​။
သူ့ရဲ့ ကိုယ်​စားလှယ်​ "ပီနီ ဖာဟာဗီ"နဲ့ လမ်းခွဲခဲ့ပြီး​နောက်​ "ချဲလ်ဆီး"အသင်းဟာ အဆိုပါ ကစားသမားကို စာချုပ်​ချုပ်​နိုင်​ဖို့ အခွင့်​အ​ရေးများတဲ့ အသင်းဖြစ်​လာ ပါတယ်​လို့သိရပါတယ်​။



မည်​သို့ပင်​ဖြစ်​​စေ "မန်​ချက်​စတာစီးတီး၊မန်​ချက်​စတာယူနိုက်​တက်​နဲ့ လီဗာပူးလ်​"အသင်းတို့လည်း စိတ်​ဝင်​စား​နေပြီး "ဂွာဒီယိုလာ"နဲ့ "ယာဂင်​ က​လောပ့်​"တို့ဟာလည်း ၎င်းကစားသမားနဲ့အတူ လုပ်​ကိုင်​ခဲ့ဖူးပါတယ်​။
"လီဝန်ဒိုစကီး "ဟာ ဒီနှစ်​ထဲမှာပဲ အသက်​(၃၀)ပြည့်​မည်​ဖြစ်​​သော်​လည်း ​ဈေး​ပေါ​ပေါနဲ့ ​ပြောင်း​ရွှေ့ရမှာမဟုတ်​ပါဘူး။ဘာဖြစ်​လို့လည်းဆို​တော့ သူဟာ "ဘိုင်​ယန်​မြူး"အသင်းနဲ့ စာချုပ်​သက်​တမ်း(၂၀၂၁)အထိ ကျန်​ရှိ​သေးပြီး အသင်းမှလည်း သူတို့ရဲ့ အ​ကောင်းဆုံးကစားသမားကို ​ရောင်းမထုတ်​ချင်​တဲ့ အတွက်​ ​ကြောင့်​ပဲဖြစ်​ပါတယ်​ဟု သိရှိရပါတယ်​။

#Sport90'Min
Chania

Related Comments

Add a Comment

img img img img
img
img