sportsnewmyanmar.com
ဝီဂယ်​လ် အား တူ​ရေး​ ​နေရာမှာ အစားထိုးရန်​ကြံစည်​​နေတဲ့ မန်​စီးတီး
-----------------------------------------------
"အင်္ဂလန်​"နိုင်​ငံမှ "Daily Mail"မီဒီယာ ရဲ့​​ဖော်​ပြချက်​များအရ "မန်​ချက်​စတာစီးတီး"အသင်းက "​ဒေါ့မွန်​"အသင်းရဲ့ ကွင်းလယ်​ကစားသမား "ဂျူလီယန် ဝီဂယ်​လ်​"အား "ယာယာတူ​ရေး" ​နေရာမှာ ကာလရှည်​ အသုံးပြုနိုင်​ဖို့အတွက်​ အစားထိုး​ခေါ်ယူရန်​ ကြံစည်​​နေ​ကြောင်းသိရပါတယ်​။



"မန်​စီးတီး"အသင်းမှ အဆိုပါ"အိုင်​ဗရီကို့စ်​"​နိုင်​ငံသားကစားသမား​ ​နေရာမှာ ဆက်​လက်​ ကစားနိုင်​မယ့်​ ကစားသမားကိုလိုအပ်​​နေပြီး "ဝီဂယ်​လ်​"ဟာ သင့်​​တော်​တဲ့ ကစားသမားဖြစ်​ပါတယ်​လို့ ယုံ ကြည်​​နေကြပါတယ်​။



သတင်းရရှိချက်​အရ "ဂွာဒီယိုလာ"မှ သူ့ရဲ့ ကစားသမားအသစ်​ ရှာ​ဖွေတဲ့ အဖွဲ့ကို အဆိုပါ "ဂျာမနီ"နိုင်​ငံသား ကွင်းလယ်​ကစားသမားရဲ့ ​ခြေစွမ်းအား ​တ​နွေလုံး ​စောင့်​ကြည့်​ရန်​ ​စေလွှတ်​ပြီး ကစားသမား​ရောင်း-ဝယ်​ကာလ ဖွင့်​တဲ့အချိန်​မှာ ၎င်းကစားသမားကို ဝယ်​ယူကမ်းလှမ်းရန်​ အသင့်​ဖြစ်​​နေ​ကြောင်းသိရပါတယ်​။



"ဝီဂယ်​လ်​"ဟာ "TSV1860"မြူးနစ်​"အသင်းမှ "​ဒေါ့မွန်​"အသင်းသို့ (၂၀၁၅)ခုနှစ်​မှာ ​ပြောင်း​ရွှေ့ကစားခဲ့ကတည်းက ​ကျေနပ်​စရာ​ကောင်းတဲ့ ​ခြေစွမ်းကိုပြသနိုင်​ခဲ့ပါတယ်​။
အသက်​(၂၂)နှစ်​ သာရှိ​သေး​ပေမယ့်​ သူဟာ လူငယ်​ကစားသမားအသင်းမှာ ပွဲ​ပေါင်း(၁၃၀)ပွဲ ပါဝင်​ကစားခဲ့ရပြီး​နောက်​ အသင်းကြီးသို့ ပြိုင်​ပွဲ (၅)ပွဲ ပါဝင်​ကစားခွင့်​ ရရှိခဲ့ပါတယ်​။

#FootballMyanmar

Chania

Related Comments

Add a Comment

img img img img
img
img