sportsnewmyanmar.com
မကြာမီနှစ်​အတွင်းမှာ ကစားသမားဘဝကို မစွန့်​လွှတ်​​သေးပါဘူးဟု ဆိုလိုက်​တဲ့ ​ရော်​ဘင်
******************************************************
"ဘိုင်​ယန်​မြူးနစ်​"အသင်းရဲ့ ​တောင်​ပံ ကစားသမား "အာဂျင်​ ​ရော်​ဘင်​"က လာမည့်​နှစ်​အနည်းငယ်​အတွင်းမှာ ကစားသမားဘဝကို စွန့်​လွှတ်​ရန်​ အစီအစဉ်​ မရှိ​သေးပါဟု ​ပြောကြားခဲ့ပြီး ယခုလက်​ရှိ အသင်းနဲ့ အနာဂတ်​ကိုလည်း ဆုံးဖြတ်​သွားမည်​ဖြစ်​​ကြောင်း​ပြောကြားခဲ့တယ်​လို့သိရှိရပါတယ်​။



အသက်​ (၃၄)နှစ်​ရှိပြီဖြစ်​တဲ့ အဆိုပါကစားသမား ဟာ "ဘိုင်​ယန်​"အသင်းနဲ့ လာမည့်​​နွေရာသီမှာ ကုန်​ဆုံး​တော့မည်​ဖြစ်​​သော်​လည်း စာချုပ်​အသစ်​ချုပ်​ဆိုရန်​ သ​ဘောတူညီခြင်းမရှိ​ခဲ့​သေးပါဘူး။ထို့​ကြောင့်​ "​ရော်​ဘင်" ယခုလက်​ရှိအ​ခြေအ​နေကို ​​ပြောကြားခဲ့ပါတယ်​။
"​ရော်​ဘင်​"ရဲ့ ​ပြောကြားချက်​များအရ-
"အခုအချိန်​မှာ အရမ်းကို ကျန်းမာကြံ့ခိုင်​တယ်​လို့ ကျွန်​​တော်​တို့ခံစားရပြီး ပြိုင်​ပွဲကြီး​တွေကို ​နောက်​ထပ်​ တစ်​နှစ်​​ (၂)နှစ်​​လောက်​ ကစားနိုင်​လိမ့်​မယ်​လို့ ယုံကြည်​ပါတယ်​။ဒါဟာ ကျွန်​​တော့်​ရဲ့ ပစ်​မှတ်​ပါပဲ။"



"ကျွန်​​တော်​ ရင်​ဖွင့်​ပြီး ဒီကတာဝန်​ရှိတဲ့ လူ​တွေအားလုံးနဲ့ ပွင့်​ပွင့်​လင်းလင်း ​ပြောဆို ​ဆွေး​နွေးခဲ့ ကြပါတယ်​။ကျွန်​​တော်​ ဘာကိုမှမစိုးရိမ်​ပါဘူး။အသင်းကလည်း အစီအစဉ်​ ​တွေရှိပါတယ်​။ပြီး​တော့ ဒီ​နောက်​ပိုင်း ကျွန်​​တော်​​ကကော အသင်းကပါ ဘယ်​လိုလုပ်​ကြမလဲဆိုတာကို​တော့ ဆုံးဖြတ်​ကြရမှာပါ။"
#အာဂျင်​ ​ရော်​ဘင်

#FootballMyanmar
Chania

Related Comments

Add a Comment

img img img img
img
img