sportsnewmyanmar.com
ပေါ့ဘာ အားထိပ်​တန်းကွင်းလယ်​ကစားသမားဆိုတာ ကစားကွက်​ ဘယ်​လိုပဲ ဖြစ်​​နေပါ​စေ ​ခြေစွမ်းပြနိုင်​ရမယ်​ လို့​ပြောလိုက်​တဲ့ လွိုင်​ကင်း
****************************************
"မန်​ချက်​စတာယူနိုက်​တက်​"အသင်းရဲ့ ဂန္တဝင်​ အသင်း​ခေါင်း​ဆောင်​​ဟောင်း "လွိုင်​ ကင်း"က "ပြစ်​သစ်​"နိုင်​ငံသား နာမည်​ကြီး ကွင်းလယ်​ကစားသမား ​"​ပေါ်လ်​ ​ပေါ့ဘာ"အား ထိပ်​တန်းကွင်းလယ်​ကစားသမားဆိုတာ ကစားကွက်​ ဘယ်​လိုအ​ခြေအ​နေမျိုးမှာမဆို ​ခြေစွမ်းပြနိုင်​ရမယ်​ ဟု ​ပြောကြားခဲ့​ကြောင်းသိရပါတယ်​။
အသက်​ (၂၄)နှစ်​ ရှိပြီဖြစ်​တဲ့ အဆိုပါကစားသမား နဲ့ သူ့ရဲ့အသင်းသားများ ရဲ့ ​ခြေစွမ်းများဟာ ဖြစ်​သင့်​​တဲ့ စံချိန်​​လောက်​မကစားနိုင်​တဲ့အတွက်​​ ​ဝေဖန်​မှုများကိုခံ​နေရပါတယ်​။



"စပါး"အသင်းအား(၂-၀)ဖြင့်​ ရှုံးနိမ့်​ခဲ့တဲ့ပွဲတွင်​ အဆိုပါ ​ပေါင်​ (၈၉.၃)သန်း တန်​ဖိုးရှိတဲ့ ကစားသမားဟာ လုံးဝ ​ခြေစွမ်းမပြနိုင်​ခဲ့သလို ပြီးခဲ့တဲ့အပတ်​က "နယူးကာဆယ်​"အသင်းကိုရှုံးနိမ့်​ခဲ့တဲ့ ပွဲမှာလည်း ပွဲချိန်​ (၆၆)မိနစ်​ခန့်​မှာ လူလဲထုတ်​ခံခဲ့ရပါတယ်​။
"Delhi Record"မီဒီယာ ရဲ့​ဖော်​ပြချက်​အရ "​ပေါ့ဘာ"ဟာ သူလွတ်​လပ်​စွာ ကစားနိုင်​ရန်​ "မိုရင်​ဟို"အား ကွင်းလယ်​(၃)​ယောက်​ပုံစံဖြင့်​ အသုံးပြု ခိုင်း​စေချင်​​နေ​ကြောင်း သိရပါတယ်​။
မည်​သို့ပင်​ဖြစ်​​နေ"ကင်း"ရဲ့ ထင်​မြင်​ချက်​မှာ​တော့ ကမ္ဘာ့ထိပ်​တန်းကစားသမားဆိုတာ အခုကစားကွက်​ မှာ ​ခြေစွမ်းပြနိုင်​လိမ့်​မယ်​ဟု ​ပြောကြားခဲ့​ကြောင်းသိရပါတယ်​။



"လွိုင်​ ကင်း"ရဲ့​ပြောကြားချက်​များအရ-
"ထိပ်​တန်းကစားသမားဖြစ်​တဲ့ ဘယ်​ကစားသမားမဆို ကွင်းလယ်​ကစားသမား (၂)​ယောက်​သို့မဟုတ်​ (၃)​ယောက်​ ကစားတဲ့ပုံစံကို ကစားနိုင်​ရပါမယ်​။"
"အဲ့တာ​ကြောင့်​ သူဟာ သူ့ရဲ့ ​ခြေစွမ်းကို ပို​ကောင်း​အောင်​သာ လု​ပ်ေ​ဆာင်​ပြီး ကစားပွဲ အတွက်​ကိုသာ အာရုံစူးစိုက်​ရမှာပါ။"

#​လွိုင်​ကင်း

#FootballMyanmar
Chania

Related Comments

Add a Comment

img img img img
img
img