sportsnewmyanmar.com
`ပရီးမီးယားလိဂ်​´မှအသင်းကြီး(၃)သင်းအား`ဘိုင်​လီ´ရဲ့​ပြောင်း​ရွှေ့​ကြေးမှာ​ပေါင်​သန်း(၁၀၀)နီးပါး ရှိပါတယ်​ဟု အသိ​ပေးလိုက်​တဲ့​`​လေဗာကူဆင်​´
******************************************************************
`​လေဗာကူဆင်​´အသင်းမှ​ အသင်းသား​တောင်​ပံကစားသမား​လေး`ဘိုင်​လီ´အားလိုချင်​လျှင်​ ​ပေါင်​သန်း(၁၀၀)နီးပါး ​ပေး​ဆောင်​ရမယ်​ဟု`အာဆင်​နယ်​´၊`ချဲလ်​ဆီး´နဲ့`မန်​ချက်​စတာယူနိုက်​တက်´အသင်းတို့အား ​အသိ​ပေး​ပြောကြားခဲ့​ကြောင်းသိရှိရပါတယ်​။



`ဂျာ​​မေကာ´နိုင်​ငံကစားသမား​လေးဟာ ယခုရာသီမှာ​ ​ခြေစွမ်း​ကောင်းများပြသ​နေပြီး `ဘွန်​ဒက်​လီဂါ လိဂ်​´တွင်​ အသင်းနဲ့(၁၈)ပွဲပါဝင်​ကစားခဲ့ပြီး သွင်းဂိုး(၈)ဂိုးကို သွင်းယူ​ပေးနိုင်​ခဲ့ခြင်း​ကြောင့်​`ပရီးမီးယားလိဂ်​´မှ ထိုအသင်းကြီး(၃)သင်းစလုံးဟာ အဆိုကစားသမား​လေးကိုအနီးကပ်​​စောင့်​ကြည့်​​နေကြပါတယ်​။
အသက်​(၂၀)နှစ်​ရှိပြီဖြစ်​တဲ့အဆိုပါကစားသမား​လေးဟာ `အင်္ဂလန်​´မှာ သွား​ရောက်​ကစားချင်​တဲ့ အ​ကြောင်းကိုပိတ်​ပင်​ထားခြင်းမရှိခဲ့​ပေမယ့်​ ​ပြောင်း​ရွှေ့​ကြေးမှာ​ဈေး​ပေါ​ပေါမဟုတ်​ပါဘူး။



ဂျာမနီ´နိုင်​ငံရဲ့နာမည်​ကြီးမီဒီယာတစ်​ခုဖြစ်​တဲ့Kickers´မီဒီယာရဲ့​​ဖော်​ပြချက်​အရ`​လေဗာကူဆင်​´အသင်းဟာ လွန်​ခဲ့တဲ့(၁၂)လခန့်​က `Genk´အသင်းမှ​ပြောင်း​ရွှေ့လာပြီးစာချုပ်​သက်​တမ်း(၂၀၂၂)ခုနှစ်​အထိကျန်​ရှိ​သေးတဲ့ကစားသမားကို​ရောင်းမထုတ်​ချင်​သေးပါဘူးဟု​ဖော်​ပြခဲ့ပါတယ်​။
`ဘိုင်​လီ´ရဲ့​ခြေစွမ်း​ကောင်း​တွေနဲ့ပြည့်​ဝတဲ့အရည်​အချင်း​တွေ​ကြောင့်​ `​လေဗာကူဆင်​´အသင်းမှ အဆိုပါကစားသမားရဲ့​ပြောင်း​ရွှေ့​ကြေးဟာ `ဘာစီလိုနာ´အသင်းသို့​ ​ပေါင်​(၉၇)သန်း ဖြင့်​ ​ပြောင်း​ရွှေ့ကစားခဲ့တဲ့ `ဒမ်​ဘီလီ´ရဲ့တန်​​ကြေးနဲ့ တူညီ​ကြောင်း စဉ်းစား​နေကြပါတယ်​ဟုသိရှိခဲ့ရပါတယ်​။
ထို့​ကြောင့်​ တကယ်​လို့ အဆိုပါကစားသမားကို `​လေဗာကူဆင်​´အသင်းမှ ​ခေါ်ချင်​ရင်​ ထိုတန်​​ကြေးတူညီတဲ့တန်​ဖိုး​ပေးမှ ရရှိမယ်​ဆိုတဲ့ နည်းလမ်းပဲဖြစ်​ပါတယ်​။\

#FootballMyanmar
Chania

Related Comments

Add a Comment

img img img img
img
img