sportsnewmyanmar.com
`​စပါး´အသင်းအားရှုံးနိမ့်​ခဲ့တဲ့အတွက်​​ကြောင့်​ စိတ်​ပျက်​မိပါတယ်​ဆိုတဲ့ `ယန်း´
*****************************************
`မန်​ချက်​စတာယူနိုက်​တက်​´အသင်းရဲ့ကစားသမား`အက်​​ရှ်​​လေ ယန်း´က ပြီးခဲ့တဲ့ညက`စပါး´အသင်း​အား(၂-၀)ဖြင့်​ရှုံးနိမ့်​ခဲ့ရခြင်း​ကြောင့်​စိတ်​ပျက်​မိရပါတယ်​ဟု​ပြောကြားခဲ့​ကြောင်းသိရပါတယ်​။



ထိုရှုံးပွဲဟာ`မန်​ယူ´အသင်းရဲ့ ယခုရာသီတွင်​ (၄)ကြိမ်​​မြောက်​ရှုံးပွဲဖြစ်​ပြီး ပွဲအစ (၁၁)စက္ကန့်​ ကတည်းကပင်​ `ခရစ္စတီယာန်​ အီလစ်​ဆန်​´ရဲ့သွင်းဂိုးနဲ့ ကို့ဂိုးကိုပြန်​သွင်းခဲ့မိတဲ့ `ဖီးလ်​ ဂျုန်း´ရဲ့သွင်းဂိုး​တွေ​ကြောင့်​ `စပါး´အသင်းမှလွယ်​ကူစွာ အနိုင်​ရရှိခဲ့ပါတယ်​။
`ယန်း´ရဲ့​ပြောကြားချက်​များအရ-
"ပွဲစကတည်းက ဂိုးသွင်းခံခဲ့ရတဲ့အတွက်​ ကျွန်​​တော်​တို့စိတ်​ပျက်​မိပါတယ်​။ပြီး​တော့ ပထမပိုင်းကတည်းက (၂-၀)ဖြင့်​`စပါး´လိုအသင်းမျိုးကိုလိုက်​​နေရခြင်းဟာအရမ်းကိုခက်​ခဲတဲ့အလုပ်​ပဲဖြစ်​ပါတယ်​။"



"ဒီပွဲဟာအစကတည်းကခက်​ခဲ​နေပြီးသားပါ။တကယ်​လို့ ကျွန်​​တော်​တို့သာ တစ်​​ဂိုး​လောက်​ပြန်​သွင်းနိုင်​ခဲ့ရင်​ ဒီထက်​ပို​ကောင်းသွားမှာပါ။ဒါ​ပေမယ့်​ကျွန်​​တော်​တို့မလုပ်​နိုင်​ခဲ့ပါဘူး။"



"ကစားသမား​နား​နေခန်းမှာ ကျွန်​​တော်​တို့စိတ်​ပျက်​​နေကြပါတယ်​။ဒါ​ပေမယ့်​ ဒီအပတ်​ရဲ့​နောက်​ဆုံးရက်​မှာကျွန်​​တော်​တို့ဟာအလွန်​ခက်​ခဲတဲ့ပွဲကိုထပ်​ကစားရမှာဖြစ်​ပါတယ်​။"
"အခုအချိန်​မှာအဲ့ဒီအရာ​တွေကို​မေ့​ဖျောက်​ပြီး ​နောက်​ကစားပွဲ​တွေကိုပြန်​ကစားနိုင်​ဖို့လုပ်​သင့်​ပါတယ်​။"
#အက်​ရှ်​​လေ ယန်း

#FootballMyanmar
Chania

Related Comments

Add a Comment

img img img img
img
img