sportsnewmyanmar.com
`မဲလ်ကွန်´အား ​ပေါင်​သန်း(၄၀)ဖြင့်​ဝယ်​ယူရန်ဖို့စီစဉ်နေတဲ့`မန်​ယူ´
*****************************************
`ဂျို​ဆေး မိုရင်​ဟို´က အသက်​(၂၀)သာရှိ​သေးတဲ့​​တောင်​ပံကစားသမား​လေး`မဲလ်ကွန်´ရဲ့​ခြေစွမ်းကိုအနီးကပ်​​စောင့်​ကြည့်​​နေပြီး လာမည့်​ဇန်​နဝါရီလတွင်​ ​ခေါ်ယူရန်​ ပြင်​ဆင်​​နေခဲ့​သော်​လည်း အဆိုပါကစားသမား က`ဘော်လ်ဒိုး´အသင်းနဲ့ အနည်းဆုံး​ လက်ရှိ​ရာသီကုန်​ဆုံးတဲ့အထိ ကစားသွားရန်ဆန္ဒရှိ​နေပါတယ်​ဟုသိရပါတယ်​။


`မန်​ချက်​စတာယူနိုက်​တက်​´အသင်းဟာ `ဘော်ဒိုး´အသင်းရဲ့ ​တောင်​ပံကစားသမား`မဲလ်ကွန်´အား​ပေါင်​သန်း(၄၀)ဖြင့်​ကမ်းလှမ်း​ရန်​စီစဉ်​​နေ ​တယ်​လို့သိရပါတယ်​။
`မန်​ချက်​စတာယူနိုက်​တက်​´အသင်းရဲ့နည်းပြ `ဂျို​ဆေး မိုရင်​ဟို´ က အခုချိန်မှာ ​ဥ​ရောပရဲ့အ​ကောင်းဆုံးလူငယ်​ကစားသမားတစ်​​ယောက်​ဖြစ်​တဲ့`ဘရာဇီး´နိုင်​ငံသားကစားသမား​လေး`မဲလ်ကွန်´ကို ဝယ်​ယူရန်​ `မန်​ယူ´အသင်းရဲ့ဒုတိယဥက္ကဌ`အက် ဝုစ်ဝက်ရ်´အား လာမည့်​ဇန်​နဝါရီလတွင်​ ထိုကစားသမား​လေးအား​ခေါ်ယူရန်​​ဆွေး​နွေးခဲ့​ကြောင်းသိရပါတယ်​။



`ဘော်လ်ဒိုး'အသင်းက`မဲလ်ကွန်´ရဲ့​ဈေးနှုန်းကို ​ပေါင်​(၅၅)သန်းအထိသတ်​မှတ်​ထားပြီး အသက်​(၂၀)သာရှိ​သေးတဲ့ကစားသမား​လေးအား ယခုရာသီတွင်​​ရောင်းမည်​မဟုတ်​​သော​ကြောင့်​ `မန်​ချက်​စတာယူနိုက်​တက်​´အသင်း မှ ​ဆွေး​နွေးမှုကို ​နောက်​နှစ်​ အထိ​ရွေ့ဆိုင်းသွားရမှာဖြစ်​ပါတယ်​။


`မဲလ်ကွန်´ဟာ`ပြင်​သစ်​လိဂ်​ဂူးဝမ်း´လက်ရှိရာသီမှာ​ သွင်းဂိုး​ပေါင်း(၇)ဂိုးကိုသွင်းယူ​ပေးနိုင်​ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ တစ်​ရာသီလုံးရဲ့ရလဒ်​နဲ့ညီမျှ​နေတာဖြစ်ပါတယ်​။သို့ပေမယ့်လည်း ၎င်းရဲ့အသင်းဟာ ရလဒ်​​ကောင်းများမရှိပဲ `ပြင်​သစ်​ လိဂ်​ဂူးဝမ်း´ရဲ့အဆင့်(၁၅)​နေရာကို​ရောက်​ရှိ​နေခဲ့တာဖြစ်ပါတယ်​။
ဒါကြောင့်`မန်​ချက်​စတာယူနိုက်​တက်​ ´အသင်းဟာ​`အဆင်​နယ်​´အသင်းနှင့်`ဘောလ်ဒိုး´အသင်းကိုဆက်​သွယ်​ခြင်းမရှိ​သော်​လည်း'မဲလ်ကွန်´အား​စောင့်​ကြည့်​​နေကြောင်းပြောဆိုခဲ့တယ်​လို့သိရပါတယ်​။

#FootballMyanmar
Chania

Related Comments

Add a Comment

img img img img
img
img